ပြည်သူ့ဟစ်တိုင်

ခရိုနီတွေ ရဲ. ထောင်ချောက်၊ပွင်.လင်းမြင်သာမှုတွေ လိုနေတဲ.အချိန် Trap of Burmese Cronies, Time to Reverse Our Ruined Arcadia.



ထူး လဲထူးတဲ.မြန်မာ.ဒီမိုကရေစီလမ်းကြမ်းကြီး ကို အထူးဂရုထားကာကွယ်ရင်း၊ အလားတူ ခရိုနီတွေကို မေတ္တာမပျက် မထိခိုက်စေပဲ ဘယ်လို လမ်းဖေါက်လို.ရမလဲ။အဲ သလိုတွေးမိကြလား။

နိုင်ဂျီးရီးယားရဲ.အငြိမ်းစား ကြည်း၊ ရေ၊ လေ တပ်အရာရှိများအစည်း အရုံး( the Retired Army, Navy, and Airforce Officers Association of Nigeria) နဲ. ဒီ အဖွဲ. ဥက္ကဌ အငြိမ်းစား ဗိုလ်မှုးကြီး အဘ်ဒူ ဆလမ်း က သူတို.နိုင် ငံအတွင်း ထိပ်တန်းအစိုးရအရာရှိများ အကြီးအကျယ် ခြစား လပ်စား အကျင်.ပျက်မှု တွေကို ထိရောက်စွာ နှိမ်နင်းနိုင်ရန် ဤ စီးပွားရေး ရာဇဝတ်မှုကြီးတွေကို ပျော်ပျော်ကြီးကျူးလွန်သူများ အားပြစ်ဒဏ်ထင်ရှားပါက သေဒဏ် ချ မှတ် သင်.သည် ဟု တရားဝင် စာထုတ် အကြံပြု တောင်းဆိုခဲ. တဲ. သတင်းကို ပြီးခဲ.တဲ.လ ဧပြီက ဖတ်ရတော. ကိုယ်.တိုင်းပြည်အတွက်တကယ် စိတ်မကောင်းဘူး။ သူများနိုင်ငံတွေမှာတော.     နိုင်ငံပိုင် ငွေတွေကို ဘီလီယံ နဲ.ချီပြီး ခိုးဝှက်စား၊အကျင်.ပျက်သူတွေကို ထိထိရောက်ရောက်နှိမ်နင်းနိုင်ဖို. စစ်တပ်ကအရာရှိဟောင်းတွေကိုယ်တိုင်ဦးဆောင်ပြီး အကြံဥာဏ်ကောင်းတွေပေးကြတယ်။ နိုင်ဂျီးရီးယားမှာ လပ်စားမှု high profile corruptionို တွေ ရှိ ပေမဲ. ဒါတွေကို ထိန်း ချုပ်ဖို. ၊ကျူးလွန်သူတွေကို အရေးယူဖို. အဖွဲ.အစည်းတွေနဲ. ပြည်သူ.ဖက်ကပြောရဲလုပ်ရဲတဲ. ထက်မြက်တဲ. ပုဂ္ဂိုလ်တွေ ရှိကြပါတယ်။  

အလံပြာအောက်ကလူ



(၁)................
ရှေးရှေးတုန်းက ပုံပြင်တပုဒ်....
တိုင်းပြည်တခုမှာ မိန်းမ(မိဖုရား) ကို အင်မတန်ကြောက်ရတဲ့ ဘုရင်ကြီးတပါး နန်းစံဖူးသတဲ့။ ဒီသတင်းက တိုင်းပြည်တခွင် ကြေးနင်းခတ်ကြေညာသလို ဟော်လေးတကျိုး ဟိုးလေးတကျော် ပြန့်နှံ့သွားလေတော့ ဘုရင်ကြီးခမျာ ဟန်ကိုယ့်ဖို့ အနေအထားတောင် ဣိနြေ္ဒမဆည်နိုင် ဖြစ်ရရှာတယ်။
တိုင်းသူပြည်သားတွေအနေနဲ့ မိဖုရားသြဇာ မလွန်ဆန်နိုင်တဲ့ သူ့ကို အထင်သေး အမြင်သေးနဲ့ မယဉ်မကျေး ပြုမူဆက်ဆံလာမှာကိုလည်း စိုးရိမ်တော် မူရရှာတယ်။ ဒါကြောင့် ကိုယ့်သိက္ခာကိုယ် ပြန်ပြီး အဖတ်ဆယ်ဖို့ စဉ်းစားကြံဆရင်း အချိန်တွေ ကုန်လွန်နေလေရဲ့။

သိဘူးလေ....။ သူတို့ပြောတော့ အစိုးရလူကြီးတဲ့....
သူတို့စိတ်ဆိုးရင် မနက်ဖြန်ဆိုင်ပိတ်ရမှာတဲ့...။
သူဌေးက နင်တို့ခုလာတဲ့လူကြီးနဲ့ အဖွဲ့ကို အဆင်ပြေအောင်မဆက်ဆံရင် နောက်ကြောင်းအေးမယ် မထင်နဲ့တဲ့။
 ဟိုတစ်ယောက်က လူကြီး၊ ဟိုကုလားက ပိုက်ဆံတွင်း၊ ပြသနာ မကြားပါရစေနဲ့တဲ့...။

မီးတို့ကို ဒီလိုနေတဲ့... ဖာခေါင်းက။ မီးက အဝေသင် ဒုတီယနှစ်၊  မီးကိုကိုက note book ပေးထားတာ။ံဦးသိန်းစိန်နဲ့ တွေ့ချင်တာ။ ...ဟင်း ဟင်း ဟင်း....။



မီးကလည်းပျက် ရေအခက်
မိုးကလည်းမရွာ စိုးရဗျာပါ
ဆွေသဟာ ဗျာပါဖေါ်ထုတ် ရဲကလည်း  အတုတ် 
မိအေးနှစ်ခါနာမှာစိုးလို့
( ညစ်တယ်လို့မထင်ပါနဲ့ )
အိမ်မှာပင် ဗျာပါအပူရုပ်ကို
မောင်သိန်းစိန်သိစေကြောင်း......



 

အရေးကြီးတဲ့ Common Sense


ကျုပ်တို့နိုင်ငံက ခေါင်းဆောင်ကြီးတွေများ ဥာဏ်ပညာကြီးမားပါပေ့... သူတို့ပြောခဲ့တဲ့ စကားတချို့ဟာ သမိုင်းတွင်လောက်အောင် မှတ်တမ်းကျန်ခဲ့တာ..
ဘာတဲ့... အပြန်အလှန် အမှီသဟဲပြုရတဲ့ သဘော “ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ” စကားပုံလေးကို သရုပ်ဖော် ချင်တော့.. “ဟိုဗျာ ကိုင်းပင်လေးက ကျွန်းပင်ကြီးမှီရသလို ကိုင်းပင်လေးတွေ ရှိနေလို့လည်း ကျွန်းပင်ကြီး အမြစ်တည်မြဲ နေရသလိုပေါ့” တဲ့။

ပြည်သူ့ဆန္ဒအား အစိုးရမှ အချိန်နှင့် တပြေးညီသိရှိရေး

ကျွန်တော် မသိမှီသော သမိုင်းကြောင်းများအရ ပြည်သူလူထုအား ရင်ဝယ်သားကဲ့သို့ အုပ်စိုးခဲ့သော မင်းများလက်ထက်တွင်-
- မင်းတရားကြီး ကိုယ်တော်တိုင် ညအချိန် ရုပ်ဖျက်က်ာမူကာ တိုင်းပြည်အခြေအနေအား စနည်းနာခြင်း။
- ပြည်သူ့ဟစ်တိုင်ထားရှိကာ ကြားနာစစ်ဆေးခြင်း။
 - များ ဆောင်ရွက်ေီလ့ရှိကြောင်း မှတ်သားဖူးပါသည်။
ယခုခောတ်အခါတွင် မြန်မာနိုင်ငံအတွင်း gmail အစား အစိုးရ mptmail များ( လိပ်စာ စစ်ဆေးနိုင်ပါသည်၊ မှားယွင်းတင်ပြသူအား အရေးယူနိုင်ပါသည် ) ပေးကာ ပြည်သူ့ဆန္ဒအား အချိန်နှင့်တပြေးညီ သိရှိနိုင်သော ခောတ်ဖြစ်ပါသည်။
 မိန်းမမှုကြောင့် ထောင်သုံးနှစ်ကျခံဖူးကာ တက္ကသိုလ်ရိပ်သာလမ်း ငါးလောင်းပြိုင်လူသတ်မှုအကွက်ရွှေ့သူတစ်ဦးဖြစ်သော  ရုပ်သံအစီအစဉ်များတွင် နေရာပေးခံရသည့် ( နိုင်ငံရေးလှုပ်ရှားမှုကြောင့် ထောင်ဒါဏ်ကျခံပြီး တက္ကသိုလ် ဆက်တက်ခွင့်မရသော ကျောင်းသားများအစား ရင်နာမိပါသည် ) အငြိမ်းစားလစာပင် ခံစားခွင့်မရသူ၊ စစ်မှုထမ်းခြင်းမှ ထုတ်ပယ်ခံရသည့်  ထောင်ထွက် ဦးကိုကိုလှိုင် အား သမ္မတအကြံပေးခန့ှ်အပ်လျှက် ပြည်သူအားအုပ်ချုပ်လိုသည့် ဦးသိန်းစိန်၊ သမ္မတ၊ မြန်မာနိုင်ငံ၊ အား မေးချင်သည်မှာ-
- သင်ဆင်းပေးမည်လော၊ ကျွန်ုပ်ကိုယ် ကျွန်ုပ် သတ်သေရမည်လော။