ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဆိုတာဘာလဲ?
အဲဒီ ခေါင်းစဉ်ကို ပြန်မေးပါရစေ။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဆိုတာ ဘာပါလဲခင်ဗျာ။
ကျွန်တော် ငယ်ငယ်ဘဲရှိဦးမှာ.....ို
အဖေတို့ပြောတာ ဦးနေ၀င်းလွှတ်တော်မှာတောင်၊ ဘာတဲ့- ဗိုလ်မှူးကြီးလား ဗိုလ်ချုပ်ကြီးလား မသိပါဘူး၊ ဦးမောင်မောင်ခင်တဲ့၊ ရေတပ်ကလို့ပြောတာဘဲ။
ပြည်သူ့လွှတ်တော်တက်ပြီးပြန်လာရင် မြိတ်မှာရှင်းလင်းပွဲလား ဘာခေါ်လဲ ပြောတတ်ပါဘူး။ လွှတ်တော်မှာ ပြောကြတယ်ပေါ့နော်၊ ဘာတွေ ညာတွေပေါ့။
ရှင်းလင်းပွဲဆိုလား လုပ်တယ်ပေါ့။ နောက်တခါ လွှတ်တော်နီးရင် ပြည်သူတွေ( သူ့မဲဆန္ဒနယ် ) ဘာပြောချင်သလဲ၊ ဘာများအဆင်မပြေကြလဲ မေးတယ်ပေါ့။ ပြီးရင် လွှတ်တော်သွားပြန်တက်၊ ပြန်လာရင် ဘာပြောတယ်ပေါ့။
ဒီလိုကြားဘူးတာဘဲ။
ခု အနော်လည်း နည်းနည်းကြီးလာပါပြီ။
အသိဥာဏ်နည်းတယ်ထင်ပါရဲ့၊ လွှတ်တော် ဘယ်နှစ်ခါ ပြီးသွားလဲ မသိပါဘူး။
တစ်ခါ တော့ မကဘူးထင်တာဘဲ။
လွှတ်တော်အမတ်မင်းက ဘာတွေပြောကြတယ် ဆိုတာ ပြန်ပြောသံလဲ မကြားမိပါဘူး။
ပြည်သူတွေကလည်း အမတ်မင်း၊ လွှတ်တော်ရောက်ရင် ဒါလေးတော့ ပြည်သူက ဖြစ်စေချင်တယ်လို့၊
ပြောသံလည်း မကြားမိ။
အမေကပြောတယ်-
နင်က၀မ်းတွင်းရူးတဲ့။
ခုပြောနေတာ ကျုပ်ဘဲရူးနေပြီလား။




No Response to " "

Post a Comment