ခရိုနီတွေ ရဲ. ထောင်ချောက်၊ပွင်.လင်းမြင်သာမှုတွေ လိုနေတဲ.အချိန် Trap of Burmese Cronies, Time to Reverse Our Ruined Arcadia.



ထူး လဲထူးတဲ.မြန်မာ.ဒီမိုကရေစီလမ်းကြမ်းကြီး ကို အထူးဂရုထားကာကွယ်ရင်း၊ အလားတူ ခရိုနီတွေကို မေတ္တာမပျက် မထိခိုက်စေပဲ ဘယ်လို လမ်းဖေါက်လို.ရမလဲ။အဲ သလိုတွေးမိကြလား။

နိုင်ဂျီးရီးယားရဲ.အငြိမ်းစား ကြည်း၊ ရေ၊ လေ တပ်အရာရှိများအစည်း အရုံး( the Retired Army, Navy, and Airforce Officers Association of Nigeria) နဲ. ဒီ အဖွဲ. ဥက္ကဌ အငြိမ်းစား ဗိုလ်မှုးကြီး အဘ်ဒူ ဆလမ်း က သူတို.နိုင် ငံအတွင်း ထိပ်တန်းအစိုးရအရာရှိများ အကြီးအကျယ် ခြစား လပ်စား အကျင်.ပျက်မှု တွေကို ထိရောက်စွာ နှိမ်နင်းနိုင်ရန် ဤ စီးပွားရေး ရာဇဝတ်မှုကြီးတွေကို ပျော်ပျော်ကြီးကျူးလွန်သူများ အားပြစ်ဒဏ်ထင်ရှားပါက သေဒဏ် ချ မှတ် သင်.သည် ဟု တရားဝင် စာထုတ် အကြံပြု တောင်းဆိုခဲ. တဲ. သတင်းကို ပြီးခဲ.တဲ.လ ဧပြီက ဖတ်ရတော. ကိုယ်.တိုင်းပြည်အတွက်တကယ် စိတ်မကောင်းဘူး။ သူများနိုင်ငံတွေမှာတော.     နိုင်ငံပိုင် ငွေတွေကို ဘီလီယံ နဲ.ချီပြီး ခိုးဝှက်စား၊အကျင်.ပျက်သူတွေကို ထိထိရောက်ရောက်နှိမ်နင်းနိုင်ဖို. စစ်တပ်ကအရာရှိဟောင်းတွေကိုယ်တိုင်ဦးဆောင်ပြီး အကြံဥာဏ်ကောင်းတွေပေးကြတယ်။ နိုင်ဂျီးရီးယားမှာ လပ်စားမှု high profile corruptionို တွေ ရှိ ပေမဲ. ဒါတွေကို ထိန်း ချုပ်ဖို. ၊ကျူးလွန်သူတွေကို အရေးယူဖို. အဖွဲ.အစည်းတွေနဲ. ပြည်သူ.ဖက်ကပြောရဲလုပ်ရဲတဲ. ထက်မြက်တဲ. ပုဂ္ဂိုလ်တွေ ရှိကြပါတယ်။  

အလံပြာအောက်ကလူ



(၁)................
ရှေးရှေးတုန်းက ပုံပြင်တပုဒ်....
တိုင်းပြည်တခုမှာ မိန်းမ(မိဖုရား) ကို အင်မတန်ကြောက်ရတဲ့ ဘုရင်ကြီးတပါး နန်းစံဖူးသတဲ့။ ဒီသတင်းက တိုင်းပြည်တခွင် ကြေးနင်းခတ်ကြေညာသလို ဟော်လေးတကျိုး ဟိုးလေးတကျော် ပြန့်နှံ့သွားလေတော့ ဘုရင်ကြီးခမျာ ဟန်ကိုယ့်ဖို့ အနေအထားတောင် ဣိနြေ္ဒမဆည်နိုင် ဖြစ်ရရှာတယ်။
တိုင်းသူပြည်သားတွေအနေနဲ့ မိဖုရားသြဇာ မလွန်ဆန်နိုင်တဲ့ သူ့ကို အထင်သေး အမြင်သေးနဲ့ မယဉ်မကျေး ပြုမူဆက်ဆံလာမှာကိုလည်း စိုးရိမ်တော် မူရရှာတယ်။ ဒါကြောင့် ကိုယ့်သိက္ခာကိုယ် ပြန်ပြီး အဖတ်ဆယ်ဖို့ စဉ်းစားကြံဆရင်း အချိန်တွေ ကုန်လွန်နေလေရဲ့။

သိဘူးလေ....။ သူတို့ပြောတော့ အစိုးရလူကြီးတဲ့....
သူတို့စိတ်ဆိုးရင် မနက်ဖြန်ဆိုင်ပိတ်ရမှာတဲ့...။
သူဌေးက နင်တို့ခုလာတဲ့လူကြီးနဲ့ အဖွဲ့ကို အဆင်ပြေအောင်မဆက်ဆံရင် နောက်ကြောင်းအေးမယ် မထင်နဲ့တဲ့။
 ဟိုတစ်ယောက်က လူကြီး၊ ဟိုကုလားက ပိုက်ဆံတွင်း၊ ပြသနာ မကြားပါရစေနဲ့တဲ့...။

မီးတို့ကို ဒီလိုနေတဲ့... ဖာခေါင်းက။ မီးက အဝေသင် ဒုတီယနှစ်၊  မီးကိုကိုက note book ပေးထားတာ။ံဦးသိန်းစိန်နဲ့ တွေ့ချင်တာ။ ...ဟင်း ဟင်း ဟင်း....။



မီးကလည်းပျက် ရေအခက်
မိုးကလည်းမရွာ စိုးရဗျာပါ
ဆွေသဟာ ဗျာပါဖေါ်ထုတ် ရဲကလည်း  အတုတ် 
မိအေးနှစ်ခါနာမှာစိုးလို့
( ညစ်တယ်လို့မထင်ပါနဲ့ )
အိမ်မှာပင် ဗျာပါအပူရုပ်ကို
မောင်သိန်းစိန်သိစေကြောင်း......



 

အရေးကြီးတဲ့ Common Sense


ကျုပ်တို့နိုင်ငံက ခေါင်းဆောင်ကြီးတွေများ ဥာဏ်ပညာကြီးမားပါပေ့... သူတို့ပြောခဲ့တဲ့ စကားတချို့ဟာ သမိုင်းတွင်လောက်အောင် မှတ်တမ်းကျန်ခဲ့တာ..
ဘာတဲ့... အပြန်အလှန် အမှီသဟဲပြုရတဲ့ သဘော “ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ” စကားပုံလေးကို သရုပ်ဖော် ချင်တော့.. “ဟိုဗျာ ကိုင်းပင်လေးက ကျွန်းပင်ကြီးမှီရသလို ကိုင်းပင်လေးတွေ ရှိနေလို့လည်း ကျွန်းပင်ကြီး အမြစ်တည်မြဲ နေရသလိုပေါ့” တဲ့။

ပြည်သူ့ဆန္ဒအား အစိုးရမှ အချိန်နှင့် တပြေးညီသိရှိရေး

ကျွန်တော် မသိမှီသော သမိုင်းကြောင်းများအရ ပြည်သူလူထုအား ရင်ဝယ်သားကဲ့သို့ အုပ်စိုးခဲ့သော မင်းများလက်ထက်တွင်-
- မင်းတရားကြီး ကိုယ်တော်တိုင် ညအချိန် ရုပ်ဖျက်က်ာမူကာ တိုင်းပြည်အခြေအနေအား စနည်းနာခြင်း။
- ပြည်သူ့ဟစ်တိုင်ထားရှိကာ ကြားနာစစ်ဆေးခြင်း။
 - များ ဆောင်ရွက်ေီလ့ရှိကြောင်း မှတ်သားဖူးပါသည်။
ယခုခောတ်အခါတွင် မြန်မာနိုင်ငံအတွင်း gmail အစား အစိုးရ mptmail များ( လိပ်စာ စစ်ဆေးနိုင်ပါသည်၊ မှားယွင်းတင်ပြသူအား အရေးယူနိုင်ပါသည် ) ပေးကာ ပြည်သူ့ဆန္ဒအား အချိန်နှင့်တပြေးညီ သိရှိနိုင်သော ခောတ်ဖြစ်ပါသည်။
 မိန်းမမှုကြောင့် ထောင်သုံးနှစ်ကျခံဖူးကာ တက္ကသိုလ်ရိပ်သာလမ်း ငါးလောင်းပြိုင်လူသတ်မှုအကွက်ရွှေ့သူတစ်ဦးဖြစ်သော  ရုပ်သံအစီအစဉ်များတွင် နေရာပေးခံရသည့် ( နိုင်ငံရေးလှုပ်ရှားမှုကြောင့် ထောင်ဒါဏ်ကျခံပြီး တက္ကသိုလ် ဆက်တက်ခွင့်မရသော ကျောင်းသားများအစား ရင်နာမိပါသည် ) အငြိမ်းစားလစာပင် ခံစားခွင့်မရသူ၊ စစ်မှုထမ်းခြင်းမှ ထုတ်ပယ်ခံရသည့်  ထောင်ထွက် ဦးကိုကိုလှိုင် အား သမ္မတအကြံပေးခန့ှ်အပ်လျှက် ပြည်သူအားအုပ်ချုပ်လိုသည့် ဦးသိန်းစိန်၊ သမ္မတ၊ မြန်မာနိုင်ငံ၊ အား မေးချင်သည်မှာ-
- သင်ဆင်းပေးမည်လော၊ ကျွန်ုပ်ကိုယ် ကျွန်ုပ် သတ်သေရမည်လော။

သမ္မတအိမ်တော် စက္ကန့်နှစ်ဆယ် လျှပ်စစ်ဓါတ်အားပြတ်တောက်


 မြန်မာနိုင်ငံအလံတော် ပြောင်းသင့်မပြောင်းသင့်




 

မြ၀တီ- ကော့ကရိတ်လမ်း အာဏာပိုင်အဖွဲ့အစည်းများ ထင်ရာစိုင်းနေ.....
မြ၀တီမြို့နှင့် ကော့ကရိတ်မြို့သို့ ဆက်သွယ်ဖောက်လုပ်ထားသည့် လမ်းမကြီးသည် မြန်မာ- ထိုင်း ကုန်သွယ်မှုပြုရာတွင် ဆက်သွယ်ရေးလမ်းကြောင်းအတိုဆုံးလမ်းကြော တစ်ခုဖြစ်ပါသည်။ လမ်းခရီးတွင် ဒေါနတောင်ဖြတ်လမ်း ဖောက်လုပ်ထားနိုင်မှုအခြေအနေအရ ယာဉ်ကြောကျဉ်းမြောင်းသဖြင့် မြ၀တီမြို့မှ ကော့ကရိတ်မြို့သို့ အဆင်း( ဒေသအခေါ် ) ချည်းသက်သက်တစ်ရက် ကော့ကရိတ်မြို့မှ မြ၀တီမြို့သို့ အတက်( ဒေသအခေါ် ) ချည်းသက်သက်တစ်ရက် သတ်မှတ်ကာ ယာဉ်ကြောတစ်ကြောင်းသာ ခရီးသွားလာရပါသည်။
အဆိုပါ ယာဉ်ကြာတွင် တစ်နေ့တာအတွင်း မော်တော်ယာဉ် စင်းရေ( ၄၀၀ ) ကျော် ဖြတ်သန်းသွားလာပါသည်။ မြ၀တီမြို့မှ အဆင်းရက်နေ့တွင် မော်တော်ယာဉ်အားလုံးအား မြ၀တီကုန်သွယ်ရေးဇုန်မှ နံနက်( ၆ )နာရီတိတိတွင် လိုအပ်သော စစ်ဆေးမှုများခံယူပြီးက မော်တော်ယာဉ်များအား ထွက်ခွါခွင့်ပြုပါသည်။
ထို့အတူ ကော့ကရိတ်မြို့မှ အတက်ရက်နေ့တွင် မော်တော်ယာဉ်အားလုံးအား ကော့ကရိတ်မြို့အထွက် စစ်ဆေးရေးဂိတ်မှ နံနက်( ၆ )နာရီတိတိတွင် လိုအပ်သော စစ်ဆေးမှုများခံယူပြီးက မော်တော်ယာဉ်များအား ထွက်ခွါခွင့်ပြုပါသည်။
ယခင်က သတ်မှတ်ထားသည့် စည်းကမ်းချက်များအရ အဆိုပါဂိတ်များတွင် ညနေ( ၄ ) နာရီထက် ကျော်လွန်နောက်ကျခရီးသွားယာဉ်များအား နာရေးကိစ္စမှအပ ခရီးသွားလာခွင့်မပြုပါ။
ဒေါနေတောင်ကြောပေါ် ဖြတ်သန်းသွားလာစဉ်  မိမိယာဉ် ချို့ယွင်းမှုကြောင့် ကြန့်ကြာခဲ့လျှင်လည်း အဆင်းအတက်ရက် သတ်မှတ်စည်းကမ်းအား ကျော်လွန်ခွင့်မရဘဲ မိမိယာဉ်ချို့ယွင်းသည့်နေရာတွင် နောက်တစ်နေ့ ယာဉ်ကြောအား အနှောက်အယှက် မဖြစ်စေမည့် လွတ်ကင်းသည့် နေရာတွင် စောင့်ဆိုင်းကာ သတ်မှတ်ယာဉ်ကြောနေ့အတိုင်း ခရီးသွားလာရပါသည်။
ထို့အတွက် သတ်မှတ်ခရီးသွားရက်များတွင် ယာဉ်ကြော ပိတ်ဆို့ခြင်း အလျဉ်းမရှိခဲ့ပါ။
ဖေါ်ပြပါစည်းကမ်းချက်များအား မြ၀တီမြို့ကုန်သွယ်ရေးဇုန်နှင့် ကော့ကရိတ်မြို့အထွက် စစ်ဆေးရေးဂိတ်များသာ စည်းကမ်းလိုက်နာဆောင်ရွက်လျှက်ရှိသော်လည်း ဒေါနတောင်ကြောတစ်လျှောက် နယ်မြေလုံခြုံရေး တာဝန်ယူသည့် ဂိတ်ကြီးများဖြစ်သည့် အောက်ဗိုလ်တဲ၊ အလယ်ဗိုလ်တဲ နှင့် တံတားကျိုးရဲဗျူဟာဂိတ်များနှင့် အခြားလုံခြုံရေး ဂိတ်ငယ်များအပါအ၀င် BGF ဂိတ်များအဆုံး ရှိရှိသမျှဂိတ်များသည် ယာဉ်ကြောတစ်လျှောက် မောင်းတက်နှင့် ၀ါးလုံးများအား အတားအဆီးပြုလျှက် သူတောင်းစားလား ဓါးပြလား မည်သို့ ပြောရမည်မသိသည့် အပြုအမူများဖြင့် သူတို့ တောင်းဆိုသည့် အခကြေးငွေရလျှင် ယာဉ်ကြောအတက်အဆင်းစည်းကမ်းအား ဘေးချိတ်ကာ ခရီးဆက်ခွင့်အမိန့်ကို ခွင့်ပြုပေးလိုက်ပါသည်။ မတတ်နိုင်သဖြင့် သူတို့တောင်းဆိုသော အခကြေးငွေမပေးနိုင်သည့် မော်တော်ယာဉ်များအား စည်းကမ်းလိုက်နာစေလျှက် ခရီးဆက်ခွင့်အမိန့် မပေးတော့ပါ။
ထို့ကြောင့် နောက်တစ်နေ့ အတက်/ အဆင်းနေ့များတွင် ပြောင်းပြန် ဆင်း/ တက်လာသော မော်တော်ယာဉ်များအား စောင့်ပေတော့။ နံနက်( ၆ )နာရီတွင် သက်ဆိုင်ရာ စစ်ဆေးရေးဂိတ်များမှ စည်းကမ်းလိုက်နာစွာ ခရီးသွားမည့်မော်တော်ယာဉ်များ  အောက်ဗိုလ်တဲနှင့် တံတားကျိုးရဲဗျူဟာဂိတ်မရောက်ခင် ဒုက္ခခံကာ စောင့်ကြပေတော့။
ဒီဒုက္ခက ဒီနေ့မှစတာမဟုတ်ပါဘူး။ ခရီးသွားပြည်သူများကို မေးကြည့်ပါ။ ကြာခဲ့ပါပြီ။
ဒေသအာဏာပိုင်အစိုးရလား၊ ပြည်သူ့အကျိုးကို ဦးထိပ်ပန်မယ်တဲ့လား။
ထိန်းကျောင်းတည့်မတ်ပေးရင် ခုလိုရေးစရာလိုပါ့မလား။ ပြည်နယ်ဝန်ကြီးချုပ် ဗိုလ်မှူးချုပ် ဇော်မင်း ပရကဥက္ကဌ လက်ထက်ကတည်းက ဖြစ်နေတာ။ သူကတော့ ပို့ဆွမ်းလေးနဲ့ငြိမ့်လို့။
ကရင်တစ်မျိုးသားလုံးကို မေးကြည့်ပါ။ စစ်မှန်တဲ့ မဲပေးမှုသာ ရှိခဲ့မယ်ဆိုင် ပြည်နယ်ဝန်ကြီးချုပ်မပြောနဲ့၊ အကျင့်ပျက် လာဘ်စား ကြောင်သူတော်ကြွက်သူခိုးကို အိမ်မှာ အခိုင်းစေတောင်မခိုင်းချင်ပါဘူး။
မြွေပူရာ ကင်းကမှောင့်ပြန်ပြီ။
ဟေး..... ပြောင်းပြန်ကားတွေကုန်ပြီ၊ ယာဉ်တန်းလွှတ်တော့မယ်တဲ့၊ ကားပေါ် မြန်မြန်တက်ကြတဲ့။
ခရီးသည်အားလုံး နေရာယူပြီးတော့လည်း ကားကမလှုပ်၊ ဘာဖြစ်ရပြန်တာလဲ။
ယာဉ်ကြောပြောင်းပြန် VIP ယာဉ်တန်းရှိလို့ စောင့်ပေဦးတော့တဲ့။
သူတို့က အခွင့်ထူးခံလား၊ ဒို့များမဲပေးလို့ လူကြီးဖြစ်လာတာတောင် ဖင်ခေါင်းကျယ်ချင်နေသေးတယ်။
ပြည်သူတွေ နေပူကြီးထဲမှာ ဘယ်အချိန်ထိ စောင့်ပေးရဦးမှာလဲ။
မသာကောင်၊ နင်ဒီလိုဖင်ခေါင်းကျယ်မှန်းသိလို့က နင်မဲရမယ်များထင်သလား။

အာ.....၊ ငါမဲပေးတာသူမှမဟုတ်တာ၊ သူ့ဖာသူလူကြီးဖြစ်လာတာဘဲ.....

နောင်ဘ၀ဆိုတာ  ရှိခဲ့ရင်  တောင်းဆုပြုနေမယ်....
ဗမာပြည်မှာ လူမဖြစ်ပါရစေသား.........။


ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဆိုတာဘာလဲ?
အဲဒီ ခေါင်းစဉ်ကို ပြန်မေးပါရစေ။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဆိုတာ ဘာပါလဲခင်ဗျာ။
ကျွန်တော် ငယ်ငယ်ဘဲရှိဦးမှာ.....ို
အဖေတို့ပြောတာ ဦးနေ၀င်းလွှတ်တော်မှာတောင်၊ ဘာတဲ့- ဗိုလ်မှူးကြီးလား ဗိုလ်ချုပ်ကြီးလား မသိပါဘူး၊ ဦးမောင်မောင်ခင်တဲ့၊ ရေတပ်ကလို့ပြောတာဘဲ။
ပြည်သူ့လွှတ်တော်တက်ပြီးပြန်လာရင် မြိတ်မှာရှင်းလင်းပွဲလား ဘာခေါ်လဲ ပြောတတ်ပါဘူး။ လွှတ်တော်မှာ ပြောကြတယ်ပေါ့နော်၊ ဘာတွေ ညာတွေပေါ့။
ရှင်းလင်းပွဲဆိုလား လုပ်တယ်ပေါ့။ နောက်တခါ လွှတ်တော်နီးရင် ပြည်သူတွေ( သူ့မဲဆန္ဒနယ် ) ဘာပြောချင်သလဲ၊ ဘာများအဆင်မပြေကြလဲ မေးတယ်ပေါ့။ ပြီးရင် လွှတ်တော်သွားပြန်တက်၊ ပြန်လာရင် ဘာပြောတယ်ပေါ့။
ဒီလိုကြားဘူးတာဘဲ။
ခု အနော်လည်း နည်းနည်းကြီးလာပါပြီ။
အသိဥာဏ်နည်းတယ်ထင်ပါရဲ့၊ လွှတ်တော် ဘယ်နှစ်ခါ ပြီးသွားလဲ မသိပါဘူး။
တစ်ခါ တော့ မကဘူးထင်တာဘဲ။
လွှတ်တော်အမတ်မင်းက ဘာတွေပြောကြတယ် ဆိုတာ ပြန်ပြောသံလဲ မကြားမိပါဘူး။
ပြည်သူတွေကလည်း အမတ်မင်း၊ လွှတ်တော်ရောက်ရင် ဒါလေးတော့ ပြည်သူက ဖြစ်စေချင်တယ်လို့၊
ပြောသံလည်း မကြားမိ။
အမေကပြောတယ်-
နင်က၀မ်းတွင်းရူးတဲ့။
ခုပြောနေတာ ကျုပ်ဘဲရူးနေပြီလား။




ရန်ကုန်- မန္တလေး အမြန်လမ်းမကြီး
အမြန်လမ်းမကြီး ဆိုသည်မှာ

 ပြည်သူအများတကာအသုံးပြုနိုင်ရန်အတွက် နိုင်ငံတော်မှ ငွေကြေးအကုန်အကျခံကာ ဖောက်လုပ်ပေးထားခြင်းဖြစ်ပါသည်။
နိုင်ငံအသီးသီးတွင်လည်း အမြန်လမ်းမကြီးများအား လိုအပ်ချက်အရ ဖောက်လုပ်ပေးထားပါသည်။ သက်ဆိုင်ရာနိုင်ငံ အခြေအနေနှင့် လိုက်လျောညီထွေရှိရမည့် အမြန်လမ်းမကြီးဆိုင်ရာ ဥပဒေများအား ထုတ်ပြန်ထားရှိ ကြသကဲ့သို့မြန်မာနိုင်ငံတွင်လည်း အောက်ဖေါ်ပြပါအတိုင်း အတိအကျ သတ်မှတ်ထုတ်ပြန်ထားပါသည် -


The State Peace and Development Council
The Highways Law
(The State Peace and Development Council Law No. 8/2000)
The 7th Waning Day of Tazaungmon,1362 M.E.
(17th November,2000)
The State Peace and Development Council hereby enacts the following Law: -
Chapter 1
Title and Definition
1. This Law shall be called the Highways Law.
2. The following expressions contained in this Law shall have the meanings given hereunder: -
(a) Highway means the highway prescribed by notification by the Ministry of Construction. This expression also includes road boundaries on either side of the highway and bridges situated along the highways. However, the roads constructed or maintained by the relevant Development Committee are excluded;
(b) Vehicle means any vehicle propelled on land by mechanical power or by any type of energy, to ride or to transport goods;
(c) Animal means buffalo, ox or cow, elephant, horse, donkey, mule, sheep, goat and pig;
(d) Cart means any type of wheeled cart moved by being drawn, pushed or attached by man or by animal.

 အဆိုပါထုတ်ပြန်ထားသော မြန်မာနိုင်ငံ အမြန်လမ်းမကြီး ဥပဒေ အခန်း( ၁ )၊ အပိုဒ်( ၂ )၊ အပိုဒ်ခွဲ( ခ )တွင် ဖြတ်သန်းသွားလာခွင့်ရှိသော ယာဉ်အမျိုးအစားအား အတိအကျ ပြဌာန်း သတ်မှတ်ပေးထားသော်လည်း ယခုအခါ ရန်ကုန်- မန္တလေး အမြန်လမ်းမကြီးအား ပြည်သူတစ်ရပ်လုံး သိရှိလိုက်နာနိုင်ရန် ထုတ်ပြန်ကျေညာခြင်းမရှိပါဘဲနှင့် ကုန်တင်ယာဉ်ငယ်များမှအစ ဖြတ်သန်းသွားလာခွင့် မပြုတော့ပါ။ 
အမြန်လမ်းဖောက်လုပ်ရခြင်း၏ ရည်ရွယ်ချက်များတွင်-
- အချိန်တိုတိုနှင့် လျှင်မြန်စွာ ဆက်သွယ်သွားရောက်နိုင်ရန်၊
- ကြားတည်ရှိမြို့များအတွင်း ယာဉ်ကြောရှုတ်ထွေးမှု လျှော့ချနိုင်ခြင်းဖြင့် ယာဉ်အန္တရယ်နည်းပါးစေရန်၊
- ကုန်စည်စီးဆင်းမှု လွယ်ကူ မြန်ဆန်စေရန်၊
စသည့် ရည်ရွယ်ချက်များ ဖြင့် ဖောက်လုပ်ထားခြင်း ဖြစ်ပါသည်။
ရန်ကုန်- မန္တလေး အမြန်လမ်းမကြီးဖောက်လုပ်စဉ်က ရည်မှန်းချက်များ အကောင်အထည်ပေါ်စေရေးအတွက် တာဝန်ရှိသူများမှ ပြန်လည်သုံးသပ်ပေးနိုင်ပါရန် တင်ပြအပ်ပါသည်။