မြ၀တီ- ကော့ကရိတ်လမ်း အာဏာပိုင်အဖွဲ့အစည်းများ ထင်ရာစိုင်းနေ.....
မြ၀တီမြို့နှင့် ကော့ကရိတ်မြို့သို့ ဆက်သွယ်ဖောက်လုပ်ထားသည့် လမ်းမကြီးသည် မြန်မာ- ထိုင်း ကုန်သွယ်မှုပြုရာတွင် ဆက်သွယ်ရေးလမ်းကြောင်းအတိုဆုံးလမ်းကြော တစ်ခုဖြစ်ပါသည်။ လမ်းခရီးတွင် ဒေါနတောင်ဖြတ်လမ်း ဖောက်လုပ်ထားနိုင်မှုအခြေအနေအရ ယာဉ်ကြောကျဉ်းမြောင်းသဖြင့် မြ၀တီမြို့မှ ကော့ကရိတ်မြို့သို့ အဆင်း( ဒေသအခေါ် ) ချည်းသက်သက်တစ်ရက် ကော့ကရိတ်မြို့မှ မြ၀တီမြို့သို့ အတက်( ဒေသအခေါ် ) ချည်းသက်သက်တစ်ရက် သတ်မှတ်ကာ ယာဉ်ကြောတစ်ကြောင်းသာ ခရီးသွားလာရပါသည်။
အဆိုပါ ယာဉ်ကြာတွင် တစ်နေ့တာအတွင်း မော်တော်ယာဉ် စင်းရေ( ၄၀၀ ) ကျော် ဖြတ်သန်းသွားလာပါသည်။ မြ၀တီမြို့မှ အဆင်းရက်နေ့တွင် မော်တော်ယာဉ်အားလုံးအား မြ၀တီကုန်သွယ်ရေးဇုန်မှ နံနက်( ၆ )နာရီတိတိတွင် လိုအပ်သော စစ်ဆေးမှုများခံယူပြီးက မော်တော်ယာဉ်များအား ထွက်ခွါခွင့်ပြုပါသည်။
ထို့အတူ ကော့ကရိတ်မြို့မှ အတက်ရက်နေ့တွင် မော်တော်ယာဉ်အားလုံးအား ကော့ကရိတ်မြို့အထွက် စစ်ဆေးရေးဂိတ်မှ နံနက်( ၆ )နာရီတိတိတွင် လိုအပ်သော စစ်ဆေးမှုများခံယူပြီးက မော်တော်ယာဉ်များအား ထွက်ခွါခွင့်ပြုပါသည်။
ယခင်က သတ်မှတ်ထားသည့် စည်းကမ်းချက်များအရ အဆိုပါဂိတ်များတွင် ညနေ( ၄ ) နာရီထက် ကျော်လွန်နောက်ကျခရီးသွားယာဉ်များအား နာရေးကိစ္စမှအပ ခရီးသွားလာခွင့်မပြုပါ။
ဒေါနေတောင်ကြောပေါ် ဖြတ်သန်းသွားလာစဉ်  မိမိယာဉ် ချို့ယွင်းမှုကြောင့် ကြန့်ကြာခဲ့လျှင်လည်း အဆင်းအတက်ရက် သတ်မှတ်စည်းကမ်းအား ကျော်လွန်ခွင့်မရဘဲ မိမိယာဉ်ချို့ယွင်းသည့်နေရာတွင် နောက်တစ်နေ့ ယာဉ်ကြောအား အနှောက်အယှက် မဖြစ်စေမည့် လွတ်ကင်းသည့် နေရာတွင် စောင့်ဆိုင်းကာ သတ်မှတ်ယာဉ်ကြောနေ့အတိုင်း ခရီးသွားလာရပါသည်။
ထို့အတွက် သတ်မှတ်ခရီးသွားရက်များတွင် ယာဉ်ကြော ပိတ်ဆို့ခြင်း အလျဉ်းမရှိခဲ့ပါ။
ဖေါ်ပြပါစည်းကမ်းချက်များအား မြ၀တီမြို့ကုန်သွယ်ရေးဇုန်နှင့် ကော့ကရိတ်မြို့အထွက် စစ်ဆေးရေးဂိတ်များသာ စည်းကမ်းလိုက်နာဆောင်ရွက်လျှက်ရှိသော်လည်း ဒေါနတောင်ကြောတစ်လျှောက် နယ်မြေလုံခြုံရေး တာဝန်ယူသည့် ဂိတ်ကြီးများဖြစ်သည့် အောက်ဗိုလ်တဲ၊ အလယ်ဗိုလ်တဲ နှင့် တံတားကျိုးရဲဗျူဟာဂိတ်များနှင့် အခြားလုံခြုံရေး ဂိတ်ငယ်များအပါအ၀င် BGF ဂိတ်များအဆုံး ရှိရှိသမျှဂိတ်များသည် ယာဉ်ကြောတစ်လျှောက် မောင်းတက်နှင့် ၀ါးလုံးများအား အတားအဆီးပြုလျှက် သူတောင်းစားလား ဓါးပြလား မည်သို့ ပြောရမည်မသိသည့် အပြုအမူများဖြင့် သူတို့ တောင်းဆိုသည့် အခကြေးငွေရလျှင် ယာဉ်ကြောအတက်အဆင်းစည်းကမ်းအား ဘေးချိတ်ကာ ခရီးဆက်ခွင့်အမိန့်ကို ခွင့်ပြုပေးလိုက်ပါသည်။ မတတ်နိုင်သဖြင့် သူတို့တောင်းဆိုသော အခကြေးငွေမပေးနိုင်သည့် မော်တော်ယာဉ်များအား စည်းကမ်းလိုက်နာစေလျှက် ခရီးဆက်ခွင့်အမိန့် မပေးတော့ပါ။
ထို့ကြောင့် နောက်တစ်နေ့ အတက်/ အဆင်းနေ့များတွင် ပြောင်းပြန် ဆင်း/ တက်လာသော မော်တော်ယာဉ်များအား စောင့်ပေတော့။ နံနက်( ၆ )နာရီတွင် သက်ဆိုင်ရာ စစ်ဆေးရေးဂိတ်များမှ စည်းကမ်းလိုက်နာစွာ ခရီးသွားမည့်မော်တော်ယာဉ်များ  အောက်ဗိုလ်တဲနှင့် တံတားကျိုးရဲဗျူဟာဂိတ်မရောက်ခင် ဒုက္ခခံကာ စောင့်ကြပေတော့။
ဒီဒုက္ခက ဒီနေ့မှစတာမဟုတ်ပါဘူး။ ခရီးသွားပြည်သူများကို မေးကြည့်ပါ။ ကြာခဲ့ပါပြီ။
ဒေသအာဏာပိုင်အစိုးရလား၊ ပြည်သူ့အကျိုးကို ဦးထိပ်ပန်မယ်တဲ့လား။
ထိန်းကျောင်းတည့်မတ်ပေးရင် ခုလိုရေးစရာလိုပါ့မလား။ ပြည်နယ်ဝန်ကြီးချုပ် ဗိုလ်မှူးချုပ် ဇော်မင်း ပရကဥက္ကဌ လက်ထက်ကတည်းက ဖြစ်နေတာ။ သူကတော့ ပို့ဆွမ်းလေးနဲ့ငြိမ့်လို့။
ကရင်တစ်မျိုးသားလုံးကို မေးကြည့်ပါ။ စစ်မှန်တဲ့ မဲပေးမှုသာ ရှိခဲ့မယ်ဆိုင် ပြည်နယ်ဝန်ကြီးချုပ်မပြောနဲ့၊ အကျင့်ပျက် လာဘ်စား ကြောင်သူတော်ကြွက်သူခိုးကို အိမ်မှာ အခိုင်းစေတောင်မခိုင်းချင်ပါဘူး။
မြွေပူရာ ကင်းကမှောင့်ပြန်ပြီ။
ဟေး..... ပြောင်းပြန်ကားတွေကုန်ပြီ၊ ယာဉ်တန်းလွှတ်တော့မယ်တဲ့၊ ကားပေါ် မြန်မြန်တက်ကြတဲ့။
ခရီးသည်အားလုံး နေရာယူပြီးတော့လည်း ကားကမလှုပ်၊ ဘာဖြစ်ရပြန်တာလဲ။
ယာဉ်ကြောပြောင်းပြန် VIP ယာဉ်တန်းရှိလို့ စောင့်ပေဦးတော့တဲ့။
သူတို့က အခွင့်ထူးခံလား၊ ဒို့များမဲပေးလို့ လူကြီးဖြစ်လာတာတောင် ဖင်ခေါင်းကျယ်ချင်နေသေးတယ်။
ပြည်သူတွေ နေပူကြီးထဲမှာ ဘယ်အချိန်ထိ စောင့်ပေးရဦးမှာလဲ။
မသာကောင်၊ နင်ဒီလိုဖင်ခေါင်းကျယ်မှန်းသိလို့က နင်မဲရမယ်များထင်သလား။

အာ.....၊ ငါမဲပေးတာသူမှမဟုတ်တာ၊ သူ့ဖာသူလူကြီးဖြစ်လာတာဘဲ.....

နောင်ဘ၀ဆိုတာ  ရှိခဲ့ရင်  တောင်းဆုပြုနေမယ်....
ဗမာပြည်မှာ လူမဖြစ်ပါရစေသား.........။


No Response to " "

Post a Comment